နယူးယောက် ဇန်နဝါရီ ၁၁
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ အထပ်မြင့်လူနေတိုက်ခန်းတစ်ခုတွင် ဇန်နဝါရီ ၉ ရက်က မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် ကလေးကိုးဦးအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် အဲရစ်ခ်အာဒမ်က ယနေ့အတည်ပြု ပြောကြားသည်။ ။
အဆိုပါမီးလောင်မှုသည် အမှတ် (၁၈၁) လမ်း ဘရွန့်စ်ခရိုင် နယူးယောက်မြို့ရှိ လူနေတိုက်ခန်းတစ်ခုတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုအား အချိန်နှင့် တစ်ပြေးညီ ထိန်းချုပ်နိုင်ခဲ့သည့် နယူးယောက်မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ရှိကြောင်း အာဒမ်က ၎င်း၏တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။
မီးလောင်မှုကြောင့်အသက်အန္တရာယ် ရှိသောလူ၃၂ဦးကိုဆေးဝါးကုသမှုခံယူရန် ၊ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရ သည်။
ဒဏ်ရာအပြင်းအထန်ရရှိ လူကိုးဦးသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ကျန် ၂၂ ဦးမှာ အသက်အန္တရာယ် မရှိပေ။ ထို့ပြင် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးလည်း မီးလောင်ဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ထပ်မံဖော်ပြထားသည်။
နယူးယောက် မီးသတ်ဦးစီးဌာန အကြီးအကဲဒယ်နီယာလ်၏ ပြောကြားချက်အရ အဆိုပါတိုက်ခန်း၏ ဒုတိယအလွှာနှင့် တတိယအလွှာရှိ တိုက်ခန်းမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းတွင် တံခါးဖွင့်ထားသည့်အတွက် ၁၉ လွှာရှိ တိုက်ခန်းတစ်ခုလုံးအတွင်း မီးလောင်မှုနှင့် မီးခိုးများ ချက်ချင်း ကူးစက်ပျံ့နှံ့သွားကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အဆိုပါမီးလောင်မှုသည် နယူးယောက်မြို့တွင် မကြုံစဖူးသောမီးလောင်မှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရသေးကြောင်း၊ ယင်းမီးလောင်မှုနှင့် ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများက စုံစမ်းစစ်ဆေးမှု ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ