ဇန်နဝါရီ ၁၁

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် ဇန်နဝါရီ ၅ ရက်က မြောက်ကိုရီးယားနိုင်ငံကပစ်လွှတ်ခဲ့သည် ဒုံးကျည်အရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဂျပန်ပင်လယ်ပြင်သို့ ဒုံးကျည်ကိုပစ်လွှတ်ခဲ့သည်။ မြောက်ကိုရီးယားက အသံထက်မြန်သော ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက်တစ်နေ့တွင်  နိုင်ငံပိုင်မီဒီယာက အတည်ပြုခဲ့သည်။

 

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့အပါအဝင် အနောက်နိုင်ငံငါးနိုင်ငံ၏တောင်းဆိုချက်အရ လုံခြုံရေးကောင်စီက တံခါးပိတ်အရေးပေါ်အစည်းအဝးကို ယမန်နေ့ကပြုလုပ်ခဲ့သည်။ ထိုငါးနိုင်ငံနှင့် ဂျပန်နိုင်ငံတို့က အစည်းအဝေးမတိုင်မီ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

ဒုံးကျည်တည်ဆောက်မှုသည် နိုင်ငံတကာလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုသည် လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်များကို သိသိသာသာချိုးဖောက်နေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်ဂရင်းဖီး က ထိုကြေညာချက်တွင် ပြောကြားထားသည်။

 

မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့်နှစ်စက်တင်ဘာနှင့် အောက်တိုဘာတို့က ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့ခြင်းကြောင့် လုံခြုံရေးကောင်စီကကျင်းပခဲ့သော အရေးပေါ်အစည်းအဝေးတွင် ထိုအရေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ်၊ ရုရှားနိုင်ငံတို့နှင့် အနောက်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ရှိခဲ့ကြသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို