ဇန်နဝါရီ ၁၁
စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၇၅၀ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၂၈၆၃၉၇ ဦးအထိ ရှိလာသည်။
ထပ်မံကူးစက်ခံရသူများအနက် ပြည်တွင်းကူးစက်မှု ၂၆၃ နှင့် ပြည်ပကူးစက်မှု ၄၈၇ ဦးတို့ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယမန်နေ့က အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈၉ ဦးရှိသည့်အနက် ပြည်တွင်းကူးစက်မှု ၁၂၆ နှင့် ပြည်ပကူးစက်မှု ၂၆၃ ဦးတို့ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။
ဆေးရုံများတွင် ကုသမှုခံယူနေသူ ၁၆၉ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၁ ဦးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို