ချောင်းဆုံ ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ခရီသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ်ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့(DMO)အဖွဲ့က ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက ချောင်းဆုံမြို့ပေါ် (၃)ရပ်ကွက်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ Motel များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
အဆိုပါစစ်ဆေးရာတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှ ချမှတ် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားရှိရန်၊ လုံခြုံရေးနှင့် ရောဂါဖြစ်ပွားမှု၊ သဘာဝဘေး အန္တရာယ် အစရှိသည့် ကိစ္စရပ်များဆိုင်ရာ အသိပေးနှိုးဆော်ချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ထားရှိမှုအား သိရှိစေရန်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျရောင်းချကြရန် စသည့် အချက်များကို စားသောက်ဆိုင်ပိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)


