ညောင်ဦး   ဇန်နဝါရီ   ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ နန်းတော်ရာတဲတိုက်ရှိ ဒေသခံပြည်သူများ သောက်သုံးရေ အခက်ကြုံနေရကြောင်း သိရ၍ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် အေးမေတ္တာ ရေအလှူတော်အဖွဲ့က သောက်သုံးရေ ဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းခဲ့သည်။

 

ညောင်ဦးမြို့နယ် အေးမေတ္တာရေလှူတော်အဖွဲ့က သောက်သုံးရေအလှူရှင် ရန်ကုန်မြို့၊ ဝေမျှခြင်း ပရဟိတအဖွဲ့၏ လှူဒါန်းမှုအစီအစဉ်ဖြင့် နန်းတော်ရာ တဲတိုက်ရှိ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစေရေအတွက် ရေလှောင်ကန်အတွင်း စနစ်တကျ ဖြည့်တင်းကာ အိမ်ထောင်စုအလိုက် စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။ နန်းတော်ရာတဲတိုက်သည် အိမ်ခြေ ၃၀ ကျော်ရှိကာ လူဦးရေ ၁၅၀ ခန့် နေထိုင်လျက်ရှိပြီး ဒေသခံ ပြည်သူများမှာ ပွင့်လင်းရာသီကလများတွင် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ သွားရောက်၍ သောက်သုံးရေ ရယူသုံးစွဲနေရကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)