ဘရပ်ဆဲလ် ဇန်နဝါရီ ၁၂
ပြီးခဲ့သည့် ခုနစ်နှစ်တာကာလမှာ တစ်မ္ဘာလုံးဆိုင်ရာ အပူဆုံးနှစ်များအဖြစ် စံချိန်တင်မြင့်မားခဲ့သည်ဟု ဥရောပသမဂ္ဂ ရာသီဥတုဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီ ၁၀ ရက်တွင်ပြောသည်။
သဘာဝဘေးအန္တရာယ်ခံစားလာရ လေထုထဲတွင် မီသိန်းပါဝင်မှု သိသိသာသာ မြင့်မားလာခြင်းနှင့်အတူ သတိပေးမှုများလည်း မြင့်မားလာသည်။ မကြာသေးမီနှစ်များအတွင်း တစ်ကမ္ဘာလုံးအနှံ့ ပူနွေးလာမှုနှင့် ဆက်စပ်ပြီး ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရယ်များကို နိုင်ငံအများအပြား ခံစားလာရသည်။
အထူးသဖြင့်ဩစတြေးလျနှင့် ဆာဘီးယားနိုင်ငံတို့တွင် တောမီးလောင်မှု၊ မြောက်အမေရိကတွင် နှစ်ပေါင်း ၁၀၀၀ အတွင်း တစ်ကြိမ်အပူလှိုင်းဖြတ်မှုနှင့် အာရှ၊ အာဖရိက၊ အမေရိကန်နှင့် ဥရောပတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပေါ်ခြင်းတို့ ပါဝင်သည်။
ပို၍ပူနွေး ပြီးခဲ့သည့်နှစ်မှာ တစ်မ္ဘာလုံးအနှံ့ စံချိန်အရ ငါးခုမြောက် အပူဆုံးနှစ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့ထက် ပို၍ပူနွေးသည်။ ဥရောပသမဂ္ဂ ရာသီဥတုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့၏ တွေ့ရှိမှုအရ ပြီးခဲ့သည့် ခုနစ်နှစ်မှာ စံချိန်တင်အပူဆုံးနှစ်များ ဖြစ်သည်ဟု သိရသည်။
အေအက်ဖ်ပီ