တိုကျို ဇန်နဝါရီ ၁၂
ဂျပန်နိုင်ငံသည် အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြောက်စရာကောင်းလောက်အောင် ရင်ဆိုင်နေရချိန်တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးက နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ဆောင်ရွက်ချက်တွင် အသက် ၁၂ နှစ်အောက် ကလေးများကို မကြာမီထည့်သွင်း သွားတော့မည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်က ပြောကြားခဲ့သည်။ ။
မကြာမီ ပြန်လည်ဖွင့်လှစ်မည့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ကာကွယ်ဆေးထိုး စင်တာများတွင် သက်ကြီးနိုင်ငံ သားများကို အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကမ်းလှမ်းမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
တခြားလူများသည် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို မတ်လတွင် ထိုးနှံနိုင်တော့ မည်ဖြစ်ပြီး ယခင် စီစဉ်ထားသည်ထက် ပိုမိုစောမည်ဖြစ်ကြောင်း ကီရှီးဒါးက ပြောကြားခဲ့သည်။
အိုမီခရွန်ဗီဇာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခြင်း အပါအဝင် နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခြင်းကို အကောင်းဆုံး ရင်ဆိုင်ရန် အစိုးရသည် လတ်တလောတွင် အားထုတ်ကြိုးပမ်းမှု အတော်များများ လုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် ဌာနေနိုင်ငံခြားသား မဟုတ်သူများအတွက် ပြည်ဝင်ခွင့်ဗီဇာကို နောက်ထပ် ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့် ထားကြောင်း ကီရှီးဒါးက ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။
ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်တွင် ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၈၀၀၀ ကျော် ခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်က နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၆၄၀၀ ရှိခဲ့သည်။
ဆင်ဟွာ