အန်ကာရာ ဇန်နဝါရီ ၁၂

 

တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၅၂၃၆ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း အဆိုပါရောဂါကူးစက်ခံရသူ ပေါင်း ၁၀၀၄၃၆၈၈ ဦးရှိလာကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၄၁ ဦး ထပ်တိုးလာခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၈၃၈၄၃ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၃၈၂၄၂ ဦးရှိကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေးအာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

 

လက်ရှိတွင် တူရကီနိုင်ငံ၌ နိုင်ငံသား ၅၇ ဒသမ ၁၃ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း၊ ၅၁ ဒသမ ၉၃ သန်းသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် တတိယ အကြိမ် အပိုဆောင်းထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ စုစုပေါင်း ၁၃၆ ဒသမ ၈၉ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်