ဇန်နဝါရီ ၁၂

 

ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်းတွင် မီနပ်စ်ဂါရစ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၁၃၀၀၀ ကျော် နေအိမ်များမှစွန့်ခွာခဲ့ရသည်ဟု ဒေသဆိုင်ရာပြည်သူ့ ကာကွယ်ရေး အာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါ သေဆုံးသူများအနက် ငါးဦးသည် ဘီလိုဟောရစ်ဇုံတီမြို့တော်တွင် မော်တော်ကားဖြင့်ခရီးသွားနေသည့် မိသားစုတစ်စုမှဖြစ်သည်။

 

ထိုမော်တော်ကားတွင် ဇနီးမောင်နှံနှစ်ဦး၊ သုံးနှစ်နှင့်ခြောက်နှစ်အရွယ်ကလေးများနှင့်ဆွေမျိုးတစ်ဦးတို့ပါရှိပြီး ၎င်းကားပေါ်သို့ မြေပြိုကျခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့်ရေလွှမ်းမိုးခြင်းတို့ဖြစ်ပွားကာ လူပေါင်း ၁၇၀၀၀ ကျော် နေအိမ်များမှ စွန့်ခွာထွက်ပြေးကြရသည်။

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မီနပ်စ်ဂါရစ်ရှိ မြစ်အများအပြားတွင် ရေလွှမ်းမိုးမှုဖြစ်ပွားနေပြီး အချို့သောဆည်များတွင် ရေလျှံမှုဖြစ်ပေါ်နိုင်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို