မိုင်းပျဉ်း ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲတစ်မျိုးဖြစ်သည့် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာသင့်သည့် နည်းလမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌သာနေရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်းတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ နေထိုင်ပြောဆိုကြရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်နှင့် ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်၍ ဆေးကုသမှုခံယူကြပါရန်နှင့် ကာကွယ်ဆေးထိုးနှံမှုများကိုလည်း မပျက်မကွက် လိုက်နာဆောင်ရွက်ကြပါရန် စသည့်အချက်များကို အသိပညာပေး နှိုးဆော်ခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို လူစည်ကားရာနေရာများတွင်သာမက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့လည်း သွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)


