မကွေး ဇန်နဝါရီ ၁၃

 

မကွေးတိုင်းဒေသကြီးအတွင်း (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်သည်။

 

ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သည် မိမိတို့ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေးအတွက် ကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားအားလုံး စည်းလုံညီညွတ်စွာဖြင့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် နေ့တစ်တစ်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအဆက်ဆက် ပြည်ထောင်စုနေ့အခမ်းအနားအား ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇၅)နှစ်မြောက်ဖြစ်ပြီး စိန်ရတုအထိ ရောက်ရှိခဲ့ပြီဖြစ်ကာ မိမိတို့တိုင်းဒေသကြီးအတွင်း (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုကြစေလိုကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွင် ပြခန်းများ ခင်းကျင်းပြသရာတွင် ပြည်သူများ စိတ်ဝင်စားပြီး ဗဟုသုတရစေမည့် ပြခန်းများနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများကို ပါဝင်ပြသစေလိုကြောင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်ကျော်လင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကိုစည်သူ(မကွေး)