ဇန်နဝါရီ ၁၃

 

ဂျပန်နိုင်ငံအစိုးရက အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် အနီးကပ်ထိတွေ့မှုရှိသူများ ၁၄ ရက်ကြာ သီးသန့်ခွဲနေထိုင်မှုသက်တမ်းလျှော့ချရန် စီစဉ်လျက်ရှိသည်။

 

အိုမီခရွန်ဗီဇပြောင်း းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကာလသည် အခြားသော ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုနှင့် နှိုင်းယှဉ်ပါက တိုတောင်းနိုင်သဖြင့် သီးသန့်ခွဲနေထိုင်မှုကာလကိုလျှော့ချရန် အစိုးရ စီစဉ်ထားသည်။

 

အိုကီနာဝါစီရင်စုရှိ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရသူများအား ရောဂါကူးစက်မှုဆိုင်ရာ အမျိုးသားအင်စတီကျု့၏ လေ့လာချက်အရ အခြားဗိုင်းရပ်စ်များ၏ ပျမ်းမျှကာလ ငါးရက်ကြာမြင့်မှုနှင့်နှိုင်းယှဉ်ပါက အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုကာလသည်  သုံးရက်နီးပါးကြာမြင့်သည်ကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

 

ဂျပန်နိုင်ငံ၌ လတ်တလောတွင် ကိုဗစ်ရောဂါကူးစက်မှု ဆဌမလှိုင်းဖြစ်ပွားနေပြီး အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ထပ်မံကူးစက်ဖြစ်ပွားမှုများ မြင့်တက်လျက်ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က ရောဂါထပ်မံကူးစက်ခံရသူဦးရေ ၁၃၀၀၀ ကျော်ဖြင့် လေးလတာကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရောဂါနေ့စဉ်ကူးစက်မှု မြင့်တက်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို