ပခုက္ကူ ဇန်နဝါရီ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၃ ရက် နံနက် ၉ နာရီက ကျင်းပသည်။
ဦးစွာ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက အမျိုးသမီးရေးရာကဏ္ဍ သိကောင်းစရာများနှင့် လိင်ပိုင်းဆိုင်ရာ တားဆီးကာကွယ်ရေး အကြောင်းကိုလည်းကောင်း၊ ပခုက္ကူမြို့နယ်တရားရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်သူဇာအောင်က အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာ အကြောင်းကိုလည်းကောင်း၊ ပခုက္ကူခရိုင်ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံနှင့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်များအလိုက် ဖွင့်လှစ်သင်ကြားပေးနေမှု အကြောင်းကိုလည်းကောင်း၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အသိပညာပေး အကြောင်းကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဖြိုးဖြိုးဟန်က လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအကြောင်းကိုလည်းကောင်း၊ ပခုက္ကူမြို့၊ တိုင်းရင်းဆေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အောင်က တိုင်းရင်းဆေးပညာနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင် အချက်များအကြောင်းကိုလည်းကောင်း၊ ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်မှူး ရဲအုပ်သိန်းဌေး၊ ရဲအုပ်မြတ်သူတို့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေနှင့် ကြိုတင်ကာကွယ်ရေး အကြောင်းလည်းကောင်း အသီးသီး ရှင်းလင်းဟောပြောကြသည်။
ဟောပြောပွဲသို့ ပခုက္ကူခရိုင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးစန်းအောင်နှင့်ဝန်ထမ်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၃)သင်တန်းသူ (၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပခုက္ကူ)


