ဇန်နဝါရီ ၁၄
ပြင်သစ်၊ ဂျာမနီနှင့် အီတလီနိုင်ငံတို့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူများနှင့် ရောဂါကူးစက်ခံရသူများနှင့် အနီးကပ်ထိစပ်မှုရှိသူများ သီသန့်ခွဲနေထိုင်မှုကာလများကို လျှော့ချခဲ့သည်ဟု သိရသည်။
ပြင်သစ်အာဏာပိုင်များက ကိုဗစ်ရောဂါ ကူးစက်ခံရသူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူ ပြီးပါက ခုနစ်ရက်ကြာ သီးသန့်ခွဲနေထိုင်မှုကာလကို လျှော့ချခဲ့သည်။
ကိုဗစ်ဆိုင်ရာ စည်းမျဉ်းသစ်များအရ ကျန်းမာရေးဝန်ထမ်းများသည် ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာပြသမှုမရှိလျှင် လုပ်ငန်းတာဝန် ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သည်။
ရောဂါကူးစက်ခံရသူများနှင့် အနီးကပ်ထိတွေ့မှုရှိသူများသည် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးပါက ကွာရန်တင်းဝင်ရောက်ရန်မလိုအပ်သော်လည်း ကိုဗစ်ရောဂါကူးစက်မှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးရမည်။
ဂျာမနီနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူများသည် ခုနစ်ရက်မြောက်နေ့တွင် ကိုဗစ်ကူးစက်မှုမရှိကြောင်း စမ်းသပ်စစ်ဆေးပြီးပါက ကွာရန်တင်းကာလပြီးဆုံးမည်ဟု သိရသည်။
ကိုဗစ်ကူးစက်ခံရသူများနှင့် အနီးကပ်ထိတွေ့မှုရှိသူများသည် ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှု ခံယူပြီးသူ ဖြစ်လျှင် ကွာရန်တင်းဝင်ရောက်ရန် မလိုအပ်ပေ။
အီတလီနိုင်ငံရှိ ကိုဗစ်ရောဂါ ကူးစက်ခံရသူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးသူများ ဖြစ်ပါက သီးသန့်ခွဲနေထိုင်မှုကာလ ခုနစ်ရက်သို့လျှော့ချခဲ့သည်။ ရောဂါကူးစက်ခံရသူများနှင့် ထိတွေ့မှုရှိသူများသည် ကွာရန်တင်းဝင်ရောက်ရန်မလိုအပ်ဟု ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို