ဟနွိုင်း ဇန်နဝါရီ ၁၆

ဗီယက်နမ်နိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၀၄၀ အား ထပ်မံတွေ့ရှိရပြီး ၎င်းတို့အနက် ၁၆၀၂၆ ဦးမှာ ပြည်တွင်း၌ ရောဂါကူးစက်ခံရသူများဖြစ်ကာ ၁၄ ဦးမှာ ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

လက်ရှိအချိန်၌ မြို့တော်ဟနွိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၂၉ ဦး တွေ့ရှိရပြီး ရောဂါကူးစက်မှု အများဆုံးတွေ့ရှိရသော ဒေသဖြစ်လာကာ နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့၌ ၇၆၅ ဦးနှင့် ဘင်ဒင်းပြည်နယ်၌ ၇၁၁ ဦးတို့ကိုအသီးသီး တွေ့ရှိရသည်။

နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်၁၉ ရောဂါကူးစက်ခံရသူ ၁၉၉၁၄၈၄ ဦး ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၃၅၃၄၁ ဦးရှိကာ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၁၆၆၆၂၂၀ ရှိကြောင်း သိရသည်။ လက်ရှိအချိန်အထိ ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရသူ ၁ ဒသမ ၉၉ သန်းနီးပါးရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ