နေပြည်တော် ဇန်နဝါရီ ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဇန်နဝါရီ ၁၄ ရက်၊ မွန်းလွဲ(၂) နာရီခွဲတွင် ဘုတ်ပြင်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်၊ ဦးစီးမှူးရုံးမှဝန်ထမ်းများက ကျောင်းသား ကျောင်းသူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးနေမှုကို ကြည့်ရှု့အားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား/ကျောင်းသူများကို ပန်းခင်းစီမံချက် ဖြစ်ပေါ်လာပုံနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးပါအသုံးဝင်ပုံ၊ ရရှိသည့်ကတ်ပြားအား စနစ်တကျကိုင်တွယ် ထိန်းသိမ်းနိုင်ရေး အခြေအနများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျောင်းသား ကျောင်းသူ တစ်ဦးချင်းထံပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


