ရန်ကုန်  ဇန်နဝါရီ ၁၆

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ခေတ္တဥက္ကဋ္ဌနှင့် ရုံးချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်လျှပ်စစ်မန်နေဂျာရုံးများ၊ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ရုံးချုပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ 

ထို့နောက် ခရိုင်(၄)ခရိုင်မှ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ် မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများက ဓာတ်အားခကြွေးကျန်များ လျော့နည်းကျဆင်းရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ ဓာတ်အားပြတ်တောက်မှု မရှိစေရေးတို့နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုကို အသေးစိတ်ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ဌာနကြီးမှူးများ၊ အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာအဖွဲ့ဝင်များက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်