လဟယ်   ဇန်နဝါရီ   ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် နာဂရိုးရာယဉ်မှုပြတိုက် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ရိုးရာယဉ်ကျေးမှုကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ဝင်း၊ နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးပေါင်ခုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး နာဂရိုးရာ ဆုတောင်းတိုင်ကို စိုက်ထူကာ နာဂဒေသ စီံမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ထို့နောက် လဟယ်မြို့ နာဂ‌စာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ နာယက ဦးမောင်ဉာဏ်က ကျေးဇူးတင်စကား ပြောကြားကာ နှစ်သစ်ကူးလက်ဆောင်များကို တာဝန်ရှိသူ အသီးသီးအား ပေးအပ်ပြီး ရိုးရာပန်တုံးကို တီးခေါက်ကာ တက်ရောက်လာသူများအား ရိုးရာအစားအစာများနှင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ပါမင်းလှိုင်(လဟယ်)