ထန်းတပင်၊ ဇန်နဝါရီ ၁၇

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ထန်တပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း ဆောင်ရွက်သည့် ကင်မွန်းခြုံ-ပြောက်ကြား ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား မြိုနယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဇန်နဝါရီ ၁၆ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် ဝန်ထမ်းများ၊ ကျေးလက်ကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုများကို ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး၊ ကုန်ထုတ်လမ်း ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

 

အဆိုပါ ကင်မွန်းခြုံ‌ကျေးရွာ၌ အရှည် ၀ ဒသမ ၄ မိုင်ရှိသော ကျေးလက်ကုန်ထုတ်လမ်းကို မြေသား တစ်ပေ အမြင့်တင်ခြင်း၊  အကျယ် ၁၂ ပေ ထု ၉ လက်မရှိသော ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ဇန်နဝါရီလ ပထမပတ်မှ စတင်၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကင်မွန်းခြုံ-ပြောက်ကြား ကျေးလက်ကုန်ထုတ်လမ်းကို ရာနှုန်းပြည့် ဖောက်လုပ်ဆောင်ရွက်ပြီးစီးပါက လယ်ယာထွက်ကုန်သီးနှံများကို ဈေးကွက်သို့ စရိတ်သက်သာစွာဖြင့် အချိန်မီတင်ပို့ ရောင်းချနိုင်ခြင်းကြောင့် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်ထံမှ သိရသည်။

 

ကိုညို(ကျေးလက်)