နတ်မောက် ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် ကုလားပဲအစားထိုး မတ်ပဲစမ်းသပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကုလားပဲအစားထိုး မတ်ပဲစမ်းသပ်စိုက်ခင်းအား အင်းကုန်းကျေးရွာရှိ တောင်သူ (၂)ဦးမှ ရေဆင်း(၃) မတ်ပဲမျိုးစေ့အား (၅)ဧကကို နိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းမည် ဖြစ်သည်။ ထိုသို့ စမ်းသပ်စိုက်ပျိုးခြင်းဖြင့် နတ်မောက်မြို့နယ်၏ ရာသီဥတုနှင့် ကိုက်ညီမှုရှိပါက လာမည့်ဆောင်းရာသီတွင် ဆက်လက်တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
သင်းသင်းမြတ် (ပြန်/ဆက်)


