ဇန်နဝါရီ ၁၇

 

ပါလက်စတိုင်းနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူပေါင်း ၇၀၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။

 

ထိုဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကာမလ်အလ်ရှာခါက ယင်းသို့အိုမီခရွန်ကူးစက်မှုမြင့်မားလာခြင်းသည် စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ဆိုသည်။

 

အိုမီခရွန်ကူးစက်မှုသည် သင့်တော်သောကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမခံယူရသေးသူများအတွက် အလွန်အန္တရာယ်များကြောင်း ၎င်းကပြောသည်။

 

လာမည့်ရက်များအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထပ်မံမြင့်မားနိုင်သည်ဟု ၎င်းကသတိပေးပြောကြားကာ လူအချင်းချင်းခပ်ခွာခွာနေထိုင်ရန်နှင့် ပါးစပ်၊ နှာခေါင်းစည်းများတပ်ဆင်ရန်စသည့်ကာကွယ်ရေးအစီအမံများကို လိုက်နာကြရန်နှင့်ကိုဗစ်ကာကွယ်ဆေးကို ဖြစ်နိုင်သမျှမြန်မြန်ထိုးနှံမှုခံယူကြရန် တိုက်တွန်းပြောကြားထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာနက ဂါဇာကမ်းမြှောင်နှင့်အနောက်ဘက်ကမ်းတွင် လွန်ခဲ့သော၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၄၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး သုံးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို