ကျိုက်မရော ဇန်နဝါရီ ၁၇

 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်သည်။

 

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များမှ ပြည်ထောင်စုနေ့နှင့် ပတ်သက်သော အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် သုတေသီ၊ မြင့်ထွန်းရေးသားသော ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝစာပေနှင့် သမိုင်းဝင်အဆိုအမိန့်များ စာအုပ်မှ အချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါဟောပြောပွဲသို့ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များ၊ Women Club အဖွဲ့မှ အဖွဲ့ဝင်များ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ကြသည်။

 

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)