ဇန်နဝါရီ ၁၇

 

ယနေ့သည် ဂျပန်နိုင်ငံအနောက်ပိုင်း လူပေါင်းထောင်ချီသေဆုံးခဲ့သော ငလျင်အကြီးအကျယ် လှုပ်ခတ်မှုဖြစ်ပွားခဲ့သည့် ၂၇ နှစ်ပြည့်သောနေ့ဖြစ်သည်။

 

၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ယိုဂိုစီရင်စုနှင့်အနီးနားဒေသများတွင် ငလျင်ပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားပြီး အဆောက်အဦများ ပျက်စီးသွားခဲ့သည်။ 

 

အဆိုပါငလျင်လှုပ်ခတ်ကြောင့် လူပေါင်း ၆၄၃၄ ဦး သေဆုံးခဲ့သည်။

 

ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ငလျင်ဒဏ်ခံရသော ကိုဘေးမြို့ရှိ ပန်းခြံတစ်ခုတွင် ဝါးနှင့်စက္ကူတို့ဖြင့်ပြုလုပ်ထားသော မီးပုံး ၅၀၀၀ ခန့်ထားရှိခဲ့ကြသည်။

 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အစီအမံများနှင့်အညီ လူစုလူဝေးပြုလုပ်ခြင်းမှကာကွယ်ရန် ထိုပန်းခြံတွင် ယမန်နေ့ညနေပိုင်းက မီးပုံးများမီးထွန်းညှိခဲ့ကြသည်။

 

ငလျင်ဘေးအန္တရာယ်ကိုယ်တွေ့မကြုံဖူးသေးသည့်လူငယ်မျိုးဆက်များ သိရှိစေရန် ထိုအထိမ်းအမှတ်ပွဲများကို စီရင်စုတစ်ဝန်း၌ တနင်္လာနေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ စာသင်ကျောင်းများတွင် ဘေးလွတ်ရာရွှေ့ပြောင်းရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင်ချို