ကလိန်အောင် ဇန်နဝါရီ ၁၈

 

အနာဂတ် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီက အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ‌‌ ကျင်းပသည်။

 

ဦးစွာ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပရာ ..က ကလိန်အောင်မှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူများကို မြို့နယ်ဦးစီးမှူးက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိုးမိုးခိုင်