အဒစ်အဘာဘာ ဇန်နဝါရီ ၁၈

 

အာဖရိကတိုက်၌ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၃၂၇၇၈၇ ဦး ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။

 

အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၃၄၂၆၇ ဦး ရှိကြောင်းနှင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၉၂၂၄၁၄၈ ဦးရှိကြောင်း သိရသည်။

 

အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံး နိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ က ပြောကြားသည်။

 

တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၅၅၆၆၃၃ ဦး ရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၄၅၂၅ ဦးရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။

 

အာဖရိကတိုက်တစ်ဝန်းတွင် အာဖရိကတောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအများဆုံး ဒေသဖြစ်ကာ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသသည်ကူးစက်မှု ဒုတိယအများဆုံးဖြစ်ပြီး အာဖရိကအလယ်ပိုင်းဒေသသည် ကူးစက်မှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်