လက်ပံတန်း ဇန်နဝါရီ ၁၈

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ဇန်နဝါရီ ၁၇ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းနှင့် ဝန်ထမ်းများက အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

လက်ပံတန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လအတွက် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၁)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ (၃၀၀၀၀)ကျပ်နှုန်းဖြင့် အဘိုးအဘွား (၁၀၉၉)ဦးအတွက် စုစုပေါင်း (၃၂၉၇၀၀၀၀) ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)