သထုံ ဇန်နဝါရီ ၁၈

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့် စာအုပ်စာ‌စောင်ပြပွဲကို ဇန်နဝါရီ ၁၇ ရက်၊ မွန်းလွဲပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်နှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များတို့က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းတို့ကို ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါအခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်ထောင်စုနေ့နှင့် ပတ်သတ်သည့် စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် ရှားပါးဓါတ်ပုံမှတ်တမ်းများတို့ကို နှစ်ရက်ကြာ ခင်းကျင်းပြသထားပြီး တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)