ဇန်နဝါရီ ၁၈
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဘတ်ဂစ်စ်ပြည်နယ်တွင် ပြင်းအား ၅ ဒသမ ၆ ပမာဏရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကာလာအီနော ပြည်နယ်မြို့တော်အရှေ့ဘက် ကာဒစ်ခရိုင်ရှိ ဘာဒတ်၊ ဒါဘန်အီဆာဖတ်နှင့် ခါ့ခ်ပိုလခ်ဒေသများသည် ငလျင်ဒဏ်အဆိုးရွားဆုံးခံရသည့်ဒေသများဖြစ်ကြောင်း ခရိုင်အကြီးအကဲ မိုဟာမက်ဆာလက်ပါဒဲလ်က သတင်းထောက်များကို ပြောကြားသည်။
ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်၌ ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အများအပြား ထိခိုက်ခဲ့ပြီး ဒဏ်ရာရသေဆုံးသူဦးရေ မြင့်တက်လာနိုင်သည်ဟု သတင်းအရင်းအမြစ်က ထပ်လောင်းပြောသည်။
ငလျင်ဗဟိုချက်သည် အနက် ၁၀ ကီလိုမီတာရှိပြီး မြောက်လတ္တီကျု ၃၄ ဒသမ ၉၄၇၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၆၃ ဒသမ ၅၆၈၆ ဒီဂရီဟု ကနဦးတွက်ချက်ခဲ့သည်။
ထိုဒေသတွင် ငလျင်ငယ်လှုပ်ခတ်မှုအများအပြားလည်း ဖြစ်ပေါ်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို