ရွာငံ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် DVB T2 Set Top Box များ ပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပေးအပ်ပွဲတွင် ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ပြည့်ဖြိုးသန့်က DVB T2 Set Top Box များ တပ်ဆင်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားပြီး တပ်ဆင်အသုံးပြု လိုင်းမိသော ကျေးရွာများသို့ DVB T2 Set Top Box အလုံး ၁၀၀ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
မြို့နယ် (ရွာငံ ပြန်/ဆက်)


