ဇန်နဝါရီ ၁၈

 

မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၃၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၄၁၂၆၇၇ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင်ပြောကြားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၀၁၆ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုနှင့် နှစ်သစ်ကူးပွဲတော်များကျင်းပမှုတို့ကြောင့် ယခုနှစ်အစောပိုင်းမှ စတင်ကာ နိုင်ငံတစ်ဝန်းတွင် ရောဂါနေ့စဉ်ကူးစက်မှု ၂၀၀၀ ဝန်းကျင် ရှိသည်။ 

 

နိုင်ငံလူဦးရေ၏ ၆၆ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်သည်။

 

အသက် ၁၈ နှစ်နှင့်အထက်အရွယ်ရှိသူများတွင် ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ်ထိုးနှံမှုခံယူပြီးသူ ၉၇၅၀၁၃ ဦး ရှိသည်။

 

ထို့အပြင် ကိုဗစ်ကာကွယ်ဆေးစတုတ္ထအကြိမ်ထိုးနှံမှုကို ဇန်နဝါရီ ၇ ရက်ကစတင်ခဲ့ရာ  ၄၄၃၀၅ ဦး ထိုးနှံမှုခံယူပြီးဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို