နယူးဒေလီ ဇန်နဝါရီ ၁၉

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၈၀၁၈ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ယင်းသို့ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော်ရှိခဲ့သည်မှာ ခြောက်ရက်ဆက်တိုက် ရှိသွားပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၇၆၁၈၂၇၁ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၁၀ ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ရောဂါကြောင့်သေဆုံးသူပေါင်း ၄၈၆၇၆၁ ဦးရှိလာကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာ စုစုပေါင်း ၁၇၃၆၆၂၈ ဦးရှိကြောင်း အိန္ဒိယကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်  အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၅၇၄၂၁ ဦးရှိခြင်းကြောင့်  ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၃၅၃၉၄၈၈၂ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများရှိနေသည့်အပြင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ အရေ အတွက်သည်လည်း စုစုပေါင်း ၈၈၉၁ ဦး ရှိလာကြောင်းနှင့် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူအများစုမှာ မဟာ ရက်ရှ်ထရာ၊ အနောက်ဘင်ဂေါ၊ ရာဂျာ စသန်နှင့် ဒေလီတို့မှဖြစ်ကြောင်း သိရ သည်။ 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်