မုဒုံ ဇန်နဝါရီ ၁၉

 

ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့(အကြို) ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့် ပတ်သက်သည့် မှတ်သားဖွယ်ရာများတို့ကို ရှင်းလင်းဟောပြောသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ ကျန်းမာပျော်ရွှင် အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့်  လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးပြီး ဆုရရှိသူများအား ကျောင်းသုံးပစ္စည်းကိရိယာများ ချီးမြှင့်ခဲ့ကြောင်းနှင့် သုတ ရသစာအုပ်များ ခင်းကျင်းပြသပြီး ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)