ဇန်နဝါရီ ၁၉
ယမန်နှစ် စက်တင်ဘာက ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂရင်းနစ်မှတ်တမ်းဝင်ခဲ့သူ ဆန်တီရာဂိုဒီလာဖူတီ (အသက် ၁၁၂ နှစ်) သည် စပိန်နိုင်ငံအနောက်မြောက်ပိုင်း လီယွန်မြို့ရှိ နေအိမ်တွင် ယမန်နေ့ကသေဆုံးခဲ့သည်ဟု ၎င်း၏မိသားစုက အတည်ပြုခဲ့သည်။
၁၉၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ဆန်တီဂိုကို မွေးဖွားခဲ့ပြီး ၎င်း၏ ၁၁၃ နှစ်ပြည့်မွေးနေ့ပွဲကျင်းပရန် နီးကပ်လာချိန်တွင် သေဆုံးသွားခြင်း ဖြစ်သည်။
၁၉၁၈ ခုနှစ်က နိုင်ငံတစ်ဝန်း တုပ်ကွေးရောဂါဖြစ်ပွားခဲ့ရာတွင် သူသည် အသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်သည်။
သူသည် အသက် ၁၃ နှစ်အရွယ်မှစတင်ကာ ဖိနပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ သူ့တွင် သားသမီး ရှစ်ယောက်ရှိပြီး မြေး ၁၄ ယောက်နှင့် မြစ် ၂၂ ယောက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း လီယွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမဆုံးထိုးနှံမှုခံယူသူဖြစ်လာခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို