စေတုတ္တရာ ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ကူတော်ကျေးရွာနှင့် မကြီးစုကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းနှင့် တာဝန်ရှိသူများ၊ စေတုတ္တရာမြို့နယ်မှ မြို့နယ်ဦးစီးမှူး၊ စီမံကိန်းတာဝန်ခံများ၊ ကျေးရွာကျော်မတီဝင်များနှင့်အတူ ကူတော်ကျေးရွာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် မကြီးစုကျေးရွာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ကွင်းဆင်း၍ သတ်မှတ်အတိုင်းအတာ ပြည့်မီခြင်းရှိ/မရှိ တိုင်းတာခဲ့ကြသည်။

စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ်၌ ကျေးရွာ (၄)ရွာတွင် နိုင်ငံတော်ထောက်ပံ့ငွေ (၄၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေ (၉ ဒသမ ၈)သန်း စုစုပေါင်း (၄၉ ဒသမ ၈)သန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အိမ်ခြေ (၃၀၉)အိမ်၊ အိမ်ထောင်စု(၃၁၂)စုနှင့် လူဦးရေ(၁၁၉၀)ဦး အကျိုးပြုလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးသိန်ဇော်ထွန်း ထံမှ သိရသည်။

ဇင်မာစောလှိုင်