ဇန်နဝါရီ ၁၉

 

ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ပြည်တွင်းကူးစက်ခံရသူ သုံးဦးကို ပထမဦးဆုံးတွေ့ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်ဟု ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။

 

အဆိုပါအိုမီခရွန်ကူးစက်ဖြစ်ပွားသူ သုံးဦးစလုံးသည် အမေရိကန်ပြည်ထောင်စုမှ ဗီယက်နမ်နိုင်ငံသို့ မကြာသေးမီက ဝင်ရောက်လာသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများနှင့်ဆက်စပ်မှုရှိသူများဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးစင်တာက ပြောကြားသည်။

 

ထိုကူးစက်ခံရသူတို့သည် ပုဂ္ဂလိကဆေးရုံသို့မပြမီ လည်ချောင်းနာခြင်းနှင့် နှာရည်ယိုခြင်း လက္ခဏာများခံစားခဲ့ရသည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၇၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့အစောပိုင်းက ပြောကြားသည်။ 

 

ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၆၂၁၂၈ ဦးရှိသည်ဟု အတည်ပြုထားသည်။ ၂၀၂၁ ခုနှစ် ဧပြီလနှောင်းပိုင်းမှစတင်ကာ ဒယ်လ်တာဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပွားခဲ့ပြီး လတ်တလောကူးစက်မှုလှိုင်းတွင် ကူးစက်ဖြစ်ပွားသူ ၂ သန်းကျော်ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ 

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို