ရန်ကုန်   ဇန်နဝါရီ   ၁၉

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာနက ကြီးမှူးဖွင့်လှစ်သော ယန္တရားမောင်း အထူးမွမ်းမံသင်တန်း အမှတ်စဉ် (/၂၀၂၂) သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးက ယခုသင်တန်းတွင် လက်တွေ့လေ့ကျင့်မှု အနေဖြင့် အင်းစိန်မြို့နယ်ရှိ မင်းဓမ္မကုန်းတော်နောက်လမ်း (ဇင်ဇီယာလမ်း) တိုးချဲ့ဖောက်လုပ်ရာတွင် ဆောင်ရွက်ခဲ့ခြင်းကြောင့် လေ့ကျင့်ရင်း လုပ်ငန်းများပါ ပြီးမြောက်အောင်မြင်ခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိအသုံးပြုမည့် ယာဉ်ယန္တရားများကို မဆောင်ရွက်မီ၊ ဆောင်ရွက်နေစဉ်၊ ဆောင်ရွက်ပြီး အဆင့်ဆင့် ထိန်းသိမ်းပြုပြင်ကြရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းအား အခြေခံ၍ မိမိကျရာ လုပ်ငန်းခွင်အတွင်း ယာဉ်ယန္တရားများ ကိုင်တွယ်အသုံးပြုခြင်းနှင့် ကြံ့ခိုင်ထိန်းသိမ်းခြင်း ဆောင်ရွက်ရင်း တစ်ဦးချင်းစီ၏ အသိပညာ၊ အတတ်ပညာများ တိုးတက်ရန် ဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားသည်။

 

ယင်းနောက် မြို့တော်ဝန်က သင်တန်းတွင် Excavator မောင်း ဘာသာရပ် ထူးချွန်ဆုရရှိသူ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဦးဇော်မင်းဦးကို လည်းကောင်း၊ Wheel Loader မောင်း ဘာသာရပ်ထူးချွန်ဆုရရှိသူ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) မှ ဦးအောင်လင်းထိုက်ကို လည်းကောင်း၊  Bulldozer (ဘူဒိုဇာ) မောင်း ဘာသာရပ် ထူးချွန်ဆုရရှိသူ ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာနမှ ဦးဇော်မင်းကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။

 

mdn

 

 

ထို့နောက် ဒုတိယမြို့တော်ဝန်က သင်တန်းသားများကိုယ်စား သင်တန်းဆင်း လက်မှတ်များကို သင်တန်းခေါင်းဆောင်အား ပေးအပ်ပြီး အတွင်းရေးမှူးက သင်တန်းနည်းပြများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။

 

အဆိုပါသင်တန်းသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဌာနခြောက်ဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းသင်တန်းသား ၃၈ ဦး တက်ရောက်ကြကာ သင်တန်းကာလ ၁၀ ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်