မိုင်းယောင်း   ဇန်နဝါရီ   ၁၉

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက်များ ဖြန့်ဖြူးပေးအပ်ခြင်းကို ဇန်နဝါရီ ၁၉ ရက်က ဟောင်ကြန့်အုပ်စု၊ လွယ်ဝမ်ကောင်းကျေးရွာ၌ ဆောင်ရွက်သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ဒေသတွင်း တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကိုသာ အများဆုံး လုပ်ကိုင်ကြသဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနိုင်ရန်အတွက် ယခုကဲ့သို့ ဒေသကြက်များ ဖြန့်ဖြူး ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် တာဝန်ရှိသူများက လွယ်ဝမ်ကောင်းကျေးရွာကို တစ်အိမ်ထောင်လျှင် ဒေသကြက်ကောင်ရေ ၁၀ ကောင်နှုန်းဖြင့် အိမ်ထောင်စု ၁၀ စုအတွက် ကြက်ကောင်ရေ ၁၀၀ ကိုဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)