မိတ္ထီလာ ဇန်နဝါရီ  ၂ဝ

 

မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် မိတ္ထီလာကန်အတွင်း ငါးကောင်ရေတစ်သိန်း ငါးမျိုးစိတ်စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(၁) ကန်ပတ်လမ်းအနီးတွင် ကျင်းပသည်။

 

ဦးစွာ မိတ္ထီလာတောင်ကန်အတွင်းသို့ ငါးမျိုးစိတ်များကို မိတ္ထီလာတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်း၊ ဒုရဲမှူးကြီး သက်ထွဋ်၊ ဦးကျော်ဇေယျ၊ ဒေါ်အုန်းသန်းနှင့် ခရိုင်အဆင့် တာဝန်ရှိသူများက စိုက်ထည့်ပေးသည်။

 

ဆက်လက်၍ မိတ္ထီလာကန်အတွင်းသို့ ငါးမျိုးစိတ်ကောင်ရေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်အသင်းဝင်များက  စိုက်ထည့်ပေးကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)