မီးတောင်ပေါက်ကွဲမှုဒဏ် ခံစားခဲ့ရသော တွန်ဂိုနိုင်ငံသို့ နယူးဇီလန်နိုင်ငံက ကယ်ဆယ်ရေးလေယာဉ် စေလွှတ်

ဇန်နဝါရီ ၂၀

 

နယူဇီလန်နိုင်ငံက မီးတောင်ပေါက်ကွဲမှုဒဏ်ခံစားခဲ့ရသော တွန်ဂိုနိုင်ငံသို့ ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ တင်ဆောင်ထားသော စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီး စေလွှတ်ခဲ့သည်။

 

တွန်ဂိုအစိုးရက စနေနေ့က ဖြစ်ပွားခဲ့သော မီးတောင်ပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံးကြောင်း အတည်ပြုထားပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

 

နျူကူအာလိုဖာမြို့တော်ရှိ ဒေသခံရေဒီယိုထုတ်လွှင့်မှုဌာနဝန်ထမ်းတစ်ဦးရိုက်ထားသော ဓာတ်ပုံများအရ လမ်းများနှင့်ကားများတွင် ပြာများဖုံးလွှမ်းနေသည်ကို တွေ့ရသည်။

 

လေဆိပ်ပြေးလမ်းကို မီးတောင်ပြာများရှင်းထုတ်ခဲ့ပြီးနောက် ကြာသပတေးနေ့တွင် နယူးဇီလန်အစိုးရက တွန်ဂါနိုင်ငံသို့ လေတပ်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း စေလွှတ်ခဲ့သည်။

 

ရေသန့်၊ ဆက်သွယ်ရေးပစ္စည်းနှင့် အခြားထောက်ပံ့ရေးပစ္စည်းများသယ်ဆောင်လာသော ထိုလေယာဉ်သည် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွန်ဂါနိုင်ငံသို့ နိုင်ငံခြားအထောက်အပံ့ပစ္စည်းများသယ်ဆောင်လာသည့် ပထမဆုံးသော လေယာဉ်တစ်စင်းဖြစ်သည်။

 

ကိုဗစ်-၁၉ တိုက်ဖျက်ရေး တင်းကျပ်သည့်ကန့်သတ်ချက်များရှိနေသည် တွန်ဂါနိုင်ငံသည် နယူးဇီလန်နိုင်ငံမှ ထောက်ပံ့ရေးပစ္စည်းများကို လူဖြင့်ထိတွေ့မှုမရှိပဲ သယ်ဆောင်မည်ဖြစ်ပြီး ထိုလေယာဉ်သည် မိနစ် ၉၀ အတွင်း ထွက်ခွာမည် ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို