ရမည်းသင်း ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေကြာခူးဆွတ်သိမ်းဆည်းချိန်တွင် နေကြာစေ့ရဖို့ သေချာသလောက် ရှိနေပြီဖြစ်ကြောင်း ဆည်ကြီးကျေးရွာ ဆောင်းနေကြာစိုက်ပျိုး တောင်သူ ဦးစိန်မောင်က ပြောသည်။
အဆိုပါ ဆီးထွက်သီးနှံများဖြစ်သည့် ဆောင်းနေကြာကို တစ်ဧကခွဲစိုက်ပျိုးထားရှိပြီး စိုက်ပျိုးပြီး (၁၉)ရက်သားလောက်တွင် သားခွဲပေးကာ ရေလောင်းခြင်း၊ အားဆေး၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးရကြောင်း၊ နေကြာသက်တမ်း သုံးလကြာလျှင် ရင့်မှည့်ခူးဆွတ်ကြရပြီး ထွက်ရှိလာသည့် နေကြာများကို ဆီအဖြစ်ကြိတ်ကာ နေကြာဆီအဖြစ် မိမိတို့နေအိမ် မိသားစုစားသုံးဆီအပြင် ပြန်လည်ရောင်းချကြောင်း၊ ရောင်းချရာတွင် နေကြာဆီ ပိဿာချိန်(၁၀)ကို ကျပ် ၇၅၀၀၀ စျေးရရှိပြီး တစ်ပိဿာလျှင် ကျပ် ၇၅၀၀ ဖြင့် ရောင်းချရကာ ဆီသန့်သည့်အတွက် ဝယ်ယူသူများကြောင်း၊ ယခုနှစ်တွင် ဆောင်းနေကြာ အောင်မြင်ဖြစ်ထွန်းပြီး ဆောင်းနေကြာ ခူးဆွတ်ခြွေချိန် နေကြာစေ့ သေချာပေါက် အထွက်များနိုင်ကြောင်း ဆည်ကြီးကျေးရွာမှ ဆောင်းနေကြာ စိုက်ပျိုးတောင်သူထံက သိရသည်။
ခရိုင်(ပြန်/ဆက်)


