မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် ဗန်းမော်မြို့နယ်၊ ကုန်းမဟတ် ကျေးရွာအုပ်စု၊ ကုန်းမဟတ် ကျေးရွာအနီးတွင် မောင်တင့် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၂၅ ပြားကိုလည်းကောင်း။

ယင်းနေ့ ည ၇ နာရီ ၁၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ဇာသပြင်(အနောက်)ကျေးရွာအုပ်စု၊ သရက်ပင် ကျေးရွာအနီး အိန္ဒု-ဇာသပြင်သွားကားလမ်းတွင် နိုင်နိုင်ဦး မောင်းနှင်ပြီး ကျော်ဝင်းထွန်း လိုက်ပါလာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ နှင့် မြန်မာငွေကျပ် ၂ ဒသမ ၁ သိန်းတို့ကို လည်းကောင်း။

ယင်းနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ မအူကုန်းလမ်းထိပ်တွင် ကျော်စိုးလှိုင် မောင်းနှင်ပြီး ဖြိုးမင်းကျော်(ခ)ကိုဖြိုး လိုက်ပါလာသည့် Crown အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၃ သိန်း ကိုလည်းကောင်း။

ယင်းနေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ တာကြန့်ကျေးရွာအုပ်စု၊ ကော်ဆမ်မိန်း ကျေးရွာနေ စိုးဌေး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅,၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)