ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ကော့ကရိတ် ဇန်နဝါရီ  ၂၁

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက်  ၇ နာရီမှ စတင်ထုတ်ပေးလျက်ရှိလျက်ရှိကြောင်း သိရသည်။

 

ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဇန်နဝါရီ ၂၁ ရက်မှစ၍ လကုန်ရက်အထိ နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်မှအပ  ရုံးဖွင့်ရက်များတွင်   ထုတ်ပေးသွားမည်ဖြစ်ရာ ယနေ့တွင် လာရောက်ထုတ်ယူသူ များပြားကြောင်းနှင့် ကော့ကရိတ်မြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း ၁၉၈၆ ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)