ပြင်သစ်နိုင်ငံထုတ် ရာဖေးလ်တိုက်ခိုက်ရေး ဂျက်လေယာဉ်ခြောက်စင်း ဂရိနိုင်ငံ လက်ခံရရှိ

အေသင် ဇန်နဝါရီ ၂၁

 

ဂရိနိုင်ငံ၌ ပြင်သစ်နိုင်ငံ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Dassault Aviation ထံမှ မှာယူထားသည့် ပြင်သစ်နိုင်ငံထုတ် ရာဖေးလ်တိုက်ခိုက်ရေးဂျက်လေယာဉ်စုစု ပေါင်း ၂၄ စင်းအနက် ပထမဆုံးခြောက်စင်းကို ဇန်နဝါရီ ၁၉ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၀ ရက် ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။ ။

 

ဂရိနိုင်ငံက မှာယူထားသည့် တိုက်ခိုက်ရေးဂျက်လေယာဉ်များအနက် ကျန်ရှိသည့် တိုက်ခိုက်ရေးဂျက်လေယာဉ်များကို ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ်တို့တွင် ထပ်မံ လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။

 

ဂရိနိုင်ငံသည် နိုင်ငံ့တပ်မတော်၏စွမ်းပကားကို မြှင့်တင်မည့် ငါးနှစ်တာစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် အဆိုပါ တိုက်ခိုက်ရေးဂျက်လေယာဉ်များကို ဝယ်ယူရန် လွန်ခဲ့သည့် ၁၆ လကတည်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Dassault Aviation ကုမ္ပဏီ၏ တိုက်ခိုက်ရေးဂျက်လေယာဉ်များ ရောင်းချမှုနှင့် စပ်လျဉ်း၍ ဂရိ-ပြင်သစ် ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်တစ်ရပ်အဖြစ် နှစ်နိုင်ငံစလုံးက အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်