ကျိုက်မရော   ဇန်နဝါရီ   ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီမှစတင်၍ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ လူစုလူဝေစမဖြစ်စေရေး အုပ်စုများခွဲ၍ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

ထိုကဲ့သို့ ပင်စင်လစာများ ထုတ်ပေးရာ၌ သက်ကြီးအငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးကိုရှေးရူ၍ အချိန်မီလစာငွေများ ထုတ်ပေးနိုင်ရန်အတွက် မြန်မာစီးပွားရေးဘဏ်ခွဲ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကာ သတ်မှတ်ထားသော အုပ်စုများအလိုက် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းဦးရေမှာ ၇၅၀ ရှိသဖြင့် ပင်စင်ထုတ်ယူရာတွင် အခက်အခဲမဖြစ်စေရန် အလှည့်ကျ ရက်များခွဲကာ သတ်မှတ်ရက်အတွင်း နေ့စဉ် နံနက် ၈ နာရီမှ ညနေ
၃ နာရီအတွင်း ပုံမှန်ထုတ်ပေးလျက်ရှိကြောင်းနှင့် ပင်စင်လစာများကို ဇန်နဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပုံမှန်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာမာလွင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)