ပေကျင်း ဇန်နဝါရီ ၂၃
တရုတ်နိုင်ငံ၌ ဇန်နဝါရီ ၂၁ ရက်အထိ သက်ကြီးဘိုးဘွား သန်း ၂၀၀ ကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ ထိပ်တန်းတာဝန်ရှိသူ ဟီကင်ဟွာက ယနေ့တွင် ပြောကြားသည်။
ထို့ပြင် တရုတ်နိုင်ငံ၌ ဇန်နဝါရီ ၂၁ ရက်အထိ ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂ ဒသမ ၉၆ ဘီလီယံကျော် အသုံးပြုပြီးဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ ထိပ်တန်းတာဝန်ရှိသူ ဟီကင်ဟွာက သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၌ လူဦးရေ ၁ ဒသမ ၂၂ ဘီလီယံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ယင်းတို့အနက် အသက် ၆၀ နှင့်အထက် သက်ကြီးဘိုးဘွား ၂၀၉ သန်း ပါဝင်ကြောင်း တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်၏ ထိပ်တန်းတာဝန်ရှိသူ ဟီကင်ဟွာက ဆက်လက်ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်