ရီယိုဒီဂျနေရိုး ဇန်နဝါရီ ၂၃
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၁၆၆၅၃၉ ဦး တွေ့ရှိခဲ့ပြီး တိုင်းပြည်အတွင်း နေ့စဉ်ကူးစက်ခံရသူ ၁၆၀၀၀၀ ကျော်နေသည်မှာ သုံးရက်ဆက် တိုက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကောင်စီက ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။
နောက်ထပ် ကူးစက်မှုများကြောင့် ဘရာဇီးနိုင်ငံတွင် ကူးစက်ခံရသူ စုစုပေါင်းမှာ ၂၃၇၅၁၇၈၂ ဦး ရှိလာပြီဖြစ်သည်။
ထိုစဉ် သေဆုံးသူဦးရေမှာလည်း ၃၅၈ ဦး တိုးလာသည့်အတွက် သေဆုံးသူ စုစုပေါင်းမှာ ၆၂၂၅၆၃ ဦး ရှိလာသည်။
ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းမှာ လူပေါင်း ၁၀၀၀၀၀ တွင် ၂၉၆ ဒသမ ၃ ဦး ရှိသည်ဟု ဇန်နဝါရီ ၂၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ဘရာဇီးနိုင်ငံတွင် အိုမီခရွန် ကူးစက်မှုများကြောင့်လည်း ရောဂါကူးစက်ခံရသူဦးရေမှာ တိုးလာခဲ့သည်။ အစုလိုက်အပြုံ လိုက် ကာကွယ်ဆေးထိုးပေးနိုင်ခြင်းကြောင့် မကြာမသေးမီ လများအတွင်း ကူးစက်ခံရမှုနှုန်း လျော့ကျခဲ့သည်။
ဘရာဇီးတွင် ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်အဟုန်ဖြင့် ပြုလုပ်ခဲ့သည်။ တရားဝင်စာရင်း ဇယားများအရ ဘရာဇီးနိုင်ငံတွင် လူပေါင်း ၁၆၂ ဒသမ ၆သန်း (၇၅ ဒသမ ၇ ရာခိုင်နှုန်း)မှာ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးပြီးသားဖြစ်သည်။ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ၁၄၈ ဒသမ ၁ သန်းရှိကြောင်း သိရသည်။
ဆင်ဟွာ