နူကူလိုဖာ ဇန်နဝါရီ ၂၄
ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် တွန်ဂါနိုင်ငံအနီး ရေအောက်မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်မှာ ဇန်နဝါရီ ၂၃ ရက်တွင် တစ်ပတ်ကြာမြင့်ခဲ့ပြီဖြစ်သည်။
အခြားသောနိုင်ငံများမှ ကူညီထောက်ပံ့မှုများလည်း အပြည့်အဝလုပ်ဆောင်နေကြပြီ ဖြစ်သည်။ ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့သည် သောက်သုံးရေ၊ ဆက်သွယ်ရေး ပစ္စည်းကိရိယာများနှင့် အခြားသော ထောက်ပံ့ရေးပစ္စည်းများ ကို ဇန်နဝါရီ ၂၀ ရက် ကတည်းက စတင်ပေးပို့နေပြီဖြစ်သည်။
ဂျပန်နိုင်ငံမှ သောက်သုံးရေများ တင်ဆောင်လာသည့် လေယာဉ်သည်လည်း တွန်ဂါနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။ ။
မီးတောင်ပြာများကြောင့် စိုက်ပျိုးရေးတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့်လည်း ထိခိုက်မှုရှိမည်ကို စိုးရိမ်နေကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဝန်ထမ်းဖြစ်သူ ဆီတိုယာယူတာအိုက တွန်ဂါမြို့တော် နူကူလိုဖာတွင် တယ်လီဖုန်းလိုင်းများ ကောင်းမွန် နေပြီဖြစ်သော်လည်း မီးတောင်ပြာများမှာမူ ဆက်လက်ကျဆင်းနေဆဲဖြစ်သည်ဟု အင်န်အိတ်ချ်ကေသို့ ပြောသည်။
ကျွန်းပေါ်တွင် ၉၉ ရာခိုင်နှုန်းမှာ ပြာများနှင့် ဖုံးလွှမ်းနေပြီး သီးနှံများလည်း ပျက်စီးဆုံးရှုံးရသည်။ အစားသောက်နှင့် ရေဖြန့်ဝေမှုမှာလည်း တဖြည်းဖြည်းနည်းပါးလာသည်ဟု ၎င်းကဆက်ပြောသည်။
အခြားသော ကျွန်းများတွင်လည်း လောင်စာပြတ်တောက်မှုကြောင့် မကြာမီ အချိန်အတွင်း လျှပ်စစ်ဓာတ်အားရရှိရန် မဖြစ်နိုင်တော့ဟု ပြောသည်။ ။
ပြန်လည်နာလန်ထူနိုင်ရေးအတွက် အချိန် ယူရဦးမည်ဖြစ်ပြီး ကာလရှည်ကြာထောက်ပံ့ မှုများလည်း လိုအပ်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ