တိုကျို ဇန်နဝါရီ ၂၅
ဂျပန်နိုင်ငံရှိ အဓိက တာယာထုတ်လုပ်သူများသည် ယခုနှစ်အတွင်း ဈေးနှုန်းကြီးမြင့်မှုများကို ကာမိစေရန် နှင့်ရေနံစိမ်း ဈေးနှုန်းများကြီးမြင့်နေသည့်အတွက် တာယာဈေးများကို တိုးမြှင့်လိုက်သည်ဟု သိရသည်။
ဈေးမြှင့်ရန်ဆုံးဖြတ် ဘရစ်စတုန်းတာယာလုပ်ငန်းက နှစ်နှစ်နှင့် ရှစ်လအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တာယာတင်ပို့ ရောင်းချမှုကို ဈေးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဧပြီလမှစတင်ကာ ဘရစ်စတုန်း ခရီးသည်တင်ကားနှင့် မော်တော်ဆိုင်ကယ်တာယာများကို ၇ ရာခိုင်နှုန်း ဈေးတိုးမြှင့်သွားမည်ဟု သိရသည်။
ထရပ်ကားနှင့် ဘတ်စ်ကား တာယာများကိုမူ ၈ ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဖြစ်သည်။ တိုယိုတာယာသည် ၎င်းတို့၏ တာယာဈေးနှုန်းကို ယခုလအတွင်း ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။ ဆူမီတိုမီ ရော်ဘာသည်လည်း မတ်လတွင် ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင် ဈေးတက်မည်ဖြစ်ပြီး ယိုကိုဟာမာ ရော်ဘာသည်လည်း ဧပြီလ သို့မဟုတ် ယင်းနောက်ပိုင်းတွင် ၉ ရာခိုင်နှုန်း ဈေးတက်မည်ဟု သိရသည်။
ဓာတုရော်ဘာတွင် အသုံးပြုရသည့် ရေနံစိမ်းဈေးနှုန်းကြီးမြင့်မှုကြောင့် ယခုလိုပြုလုပ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ကုမ္ပဏီများကပြောသည်။
အင်န်အိတ်ချ်ကေ