တိုကျို ဇန်နဝါရီ ၂၅
ဂျပန်နိုင်ငံတွင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လျက်ရှိရာ ခရိုင် ၄၇ ခုအနက် ခရိုင် ၃၀ ၌ လာမည့်ရက်များတွင် တစ်စိတ်တစ်ပိုင်းအရေးပေါ်ကြေညာချက် ချမှတ်သွားမည် ဖြစ်ကြောင်း အစိုးရအဆင့်မြင့်အရာရှိများက ဇန်နဝါရီ ၂၄ ရက်က ပြောသည်။
ကိုဗစ်-၁၉ အရေးပေါ်ဆောင်ရွက်ချက်ချမှတ်ရန် နောက်ဆုံးကျန်နေသည့်ခရိုင်များက တောင်းဆိုထား ခြင်းနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးက ဇန်နဝါရီ ၂၄ ရက် နှောင်းပိုင်းတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် ယခုလို ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
အိုမီခရွန်ဗိုင်းရပ်စ်၏ သဘာဝလက္ခဏာများအပေါ်အခြေခံပြီး ကာကွယ်ခြင်း၊ ခြေရာခံခြင်းနှင့် အစောပိုင်းကုသနိုင်ခြင်းတို့အပါအဝင် ဟန်ချက်ညီသည့်ဆောင်ရွက်ချက်များကို ချမှတ်လုပ်ဆောင်သွား ရန် ကီရှီးဒါးက အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီတွင် ဇန်နဝါရီ ၂၄ ရက်က ပြောကြားလိုက် သည်။
ဗိုင်းရပ်စ်ကျွမ်းကျင်အကြံပေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက်နောက်ဆုံး ဆုံးဖြတ်ချက်ထွက်ပေါ် လာမည်ဖြစ်သည်။ တစ်စိတ်တစ်ပိုင်း အရေးပေါ်ကြေညာခြင်းအစီအစဉ်ကိုသာ ခွင့်ပြုမည်ဆိုပါက နောက်ထပ် ခရိုင်အတော်များများကို ပိုမိုတင်းကြပ်သည့် ကိုဗစ်-၁၉ ဆန့်ကျင်တားဆီးရေးဆောင်ရွက် ချက်များကို ချမှတ်ဖော်ဆောင်သွားနိုင်မည်ဖြစ်သည်။
ဂျပန်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် စနေနေ့က ၅၄၅၇၆ ဦးအထိ မြင့်တက်လာပြီး နောက် ယခုလို ဆောင်ရွက်ချက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အိုမီခရွန်ဗိုင်းရပ်စ်သည် နိုင်ငံစီးပွားရေးကို အတက်အကျများ ဖြစ်ပေါ်စေလျက်ရှိသည်။
ဆင်ဟွာ