ဟနွိုင်း ဇန်နဝါရီ ၂၅
ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီ ၂၄ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၄၃၂၆ ဦး ရှိလာကြောင်း ဖော်ပြခဲ့ပြီး ၎င်းတို့ထဲတွင် ၁၄၃၀၇ ဦးမှာ ပြည်တွင်းကူးစက်ဖြစ်ပွားမှုဖြစ်ကာ ၅၅ ဦးမှာ ပြည်ပ ကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။
ထပ်မံအတည်ပြုခဲ့သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသစ်များကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ အတည်ပြုကူးစက်ဖြစ်ပွားသူ ပေါင်းမှာ ယခုအခါ ၂၁၅၅၇၈၄ ဦးအထိရှိလာခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ၃၆၈၈၄ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်ဖော်ပြသည်။
ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ကာ ဇန်နဝါရီ ၂၄ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၈၀၁ ဦး ရှိသည်။ ထို့နောက် ဒါနန်မြို့တွင် နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၅၈ ဦးနှင့် မြောက်ပိုင်း ဟိုင်ဖွန်မြို့တွင် ၇၃၃ ဦး ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မှ ပြန်လည်ကျန်းမာလာသူ ၁၈၄၁၁၈၀ ရှိလာပြီး တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၂၃ ဒသမ ၈ သန်းအပါအဝင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူပေါင်းမှာ ၁၇၆ ဒသမ ၄ သန်း ရှိလာပြီဖြစ်သည်။
ထို့အပြင် နိုင်ငံအတွင်း အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားနေသူ ၁၆၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုဖော်ပြခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် ယခုအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက် လေးကြိမ်တိုင်တိုင် ရိုက်ခတ်ခဲ့ပြီးဖြစ်သည်။ ဇန်နဝါရီ ၂၄ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂ ဒသမ ၁ သန်း ကျော်လွန်ခဲ့သည်။
ဆင်ဟွာ